Author: Kim

Every one has a chance to dream. Every one needs to dream a fresh new dream. So that our dreams come true.

“လွမ်းလို့” တေးအယ်ဘမ်မိတ်ဆက်ပွဲ

ရန်ကုန်ဒီဇင်ဘာ ၃ အိပ်မက်ဆုံရာ Season-6 အဆိုကျော် Lဂျာဆိုင်ပန်၏ “လွမ်းလို့” တကိုယ်တော်တေးအယ်ဘမ် မိတ်ဆက်ပွဲကို ယခုလ ၂ရက်နေ့ ရန်ကုန်မြို့ရှိ Orchid Hotel၌ ပြုလုပ်သည်။ ကချင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် Lဂျာဆိုင်းပန်၏ အဆိုပါတေးစီးရီးမိတ်ဆက်ပွဲတွင် အိပ်မက်ဆုံရာ ဝိုင်းတော်သားများနှင့် တေးရေး စောခူဆဲ၊ Vocal Trainerခိုင်မြဲသာလည်း တက်ရောက်အားဖြည့်ကြောင်း သိရသည်။ KIM

One Day Seminar

မန္တလေး ဒီဇင်ဘာ၃ HICက ကြီးမှူးကျင်းပတဲ့ One Day Seminarအား ယခုလ ၄ရက်နေ့(လွတ်လပ်ရေးနေ့)တွင် အမှတ် ၄၄၊ ပြည်လမ်း၊ ဒဂုံမြို့၊ Bishop’s Home (၃)လွှာ၊ တော်ဝင်စင်တာအရှေ့၊ စိန်ဂေဟာနောက်ကျော၌ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ သင်တန်းအား Singapore HIC အသင်းတော်၏ Senior Pastor Rev Kairos Kimက သင်တန်းပေးသွားမည်ဖြစ်ပြီး မနက်စာ၊ နေ့လယ်စာနှင့် ညစာပါ တပါတည်း ပြင်ဆင်ထားမည်ဟု သိရသည်။ မနက်၁၀မှ ညနေ၄နာရီအထိပြုလုပ်မည့် အဆိုပါသင်တန်းအား စိတ်ပါဝင်စားသော ခရစ်ယာန်ဓမ္မမိတ်ဆွေများ အတူတကွဝိညာဉ်ခွန်အားယူနိုင်ရန် ဖိတ်ခေါ်ကြောင်း HICက ဆိုထားပါသည်။ KIM